တကယ့်ကိုပဲ အကူအညီဖြစ်တယ်
ခရစ်ယာန်ရေဒီယိုအသံလွှင့်ဌာနသို့ ဖုန်းခေါ်လာသူတစ်ဦးက သူ၏ဇနီး ခွဲစိတ်မှုခံယူပြီး ဆေးရုံဆင်းပြီဖြစ်ကြောင်းပြောပြခဲ့သည်။ ထို့နောက် ကျွန်ုပ်နှလုံးသားကို နက်ရှိုင်းစွာထိတွေ့သွန်သင်ခဲ့သည့်အရာတစ်ခုကို သူဝေမျှခဲ့သည်။"ကျွန်တော်တို့ ဖြတ်ကျော်ခဲ့တဲ့ဒီကာလအတွင်းမှာ အသင်းတော်မိသားစုတိုင်းက ကျွန်တော်တို့ကို ဂရုပြုစောင့်ရှောက်ခဲ့တာ တကယ့်ကိုပဲ အကူအညီဖြစ်ခဲ့တယ်" ဟုဆိုသည်။
ဤရိုးရှင်းလှသောစကားကို ကျွန်ုပ်ကြားရသောအခါ ခရစ်ယာန်များ၏ ဧည့်ဝတ်ပြုမှုနှင့် ဂရုစိုက်မှုသည် အဖိုးတန်ပြီး လိုအပ်ကြောင်းကို ကျွန်ုပ်အား ပြန်လည်အမှတ်ရစေသည်။ ယုံကြည်သူအချင်းချင်း၏ တစ်ဦးအပေါ်တစ်ဦး မေတ္တာပြပံ့ပိုးကူညီခြင်းသည် အသက်တာကိုပြောင်းလဲစေသည့် ဧဝံဂေလိတရား၏တန်ခိုးကို သရုပ်ဖော်သော ကြီးမြတ်သည့်နည်းလမ်းများ ဖြစ်ကြောင်း ကျွန်ုပ်စပြီး စဉ်းစားမိသည်။
ရှင်ပေတရုသြဝါဒစာပဌမစောင်၌ တမန်တော်ကြီးက ယခုခေတ်တွင် တူရကီနိုင်ငံဟုခေါ်သည့်ဒေသများမှ ပထမရာစုအသင်းတော်များ ဖြန့်ဝေ ဖတ်ရှုရမည့် စာတစ်စောင်ကို ရေးသားခဲ့သည်။ ထိုစာထဲ၌ သူ့မိတ်ဆွေပေါလု ရေးသားခဲ့သည့် "အာဂန္တုတို့အား ဧည့်သည်ဝတ်ကို ကြိုးစား၍ ပြုကြလော့" (ရော ၁၂:၁၃) ဆိုသည့်အချက်ကို မဖြစ်မနေလုပ်ဆောင်ရန် သူက စာဖတ်သူ များအား ပြောကြားခဲ့သည်။ ရှင်ပေတရုက "အချင်းချင်း…
ဘုရားသခင်အား တောင်းလျှောက်ခြင်း
မနက်ခင်းတစ်ခုတွင် မိသားစုဆုတောင်းချိန်သည် အံ့အားသင့်စရာအဖြစ်နှင့် အဆုံးသတ်ခဲ့သည်။ အဖေက အာမင်ထူးပြီးပြီးချင်း ငါးနှစ်အရွယ် ကိတ်လင်း က "ဆုတောင်းနေချိန်မှာ လိုဂန် မျက်လုံးမမှိတ်တဲ့အတွက် သမီး ဆုတောင်းပေးပါ၏ ဘုရား" ဟုဆုတောင်းလိုက်သည်။ ၁၀ နှစ်အရွယ် အစ်ကိုအတွက် ဆုတောင်းခြင်း သည် ကျွန်ုပ်တို့သိပြီးသား ကျမ်းစာထဲတွင် ဖော်ပြထားသော အခြားသူအတွက် ကြားဝင်ဆုတောင်းပေးသောနည်းများထဲမှ တစ်ခုမဟုတ်သော်လည်း သူတစ်ပါး အတွက် ဆုတောင်းပေးနိုင်ကြောင်းကိုဖြင့် ကိတ်လင်း သိပုံရသည်။
နှုတ်ကပတ်တော်သင်ကြားပို့ချသူ ဆရာကြီး အော့စ်ဝဲလ်ချိန်းဘား (Oswald Chambers) က အခြားသူအတွက် ဆုတောင်းပေးခြင်း၏အရေးပါမှုကို အလေးပေး ပြောကြားခဲ့သည်။ သူက "ကြားဝင်အသနားခံဆုတောင်းခြင်းသည် မိမိကိုယ်ကို ဘုရားသခင် နေရာတွင်ထားပြီး ဘုရား၏စိတ်သဘောနှင့်အမြင် ရှိခြင်းဖြစ်သည်" ဟု ဆိုသည်။ ဘုရားသခင်နှင့် ကျွန်ုပ်တို့အပေါ်တွင်ထားရှိသော ကိုယ်တော်၏ ချစ်ခြင်းမေတ္တာကိုသိရှိပြီး အခြားသူအတွက် ကျွန်ုပ်တို့ဆုတောင်းပေးခြင်းဖြစ်သည်။
ဒံယေလအခန်းကြီး ၉ တွင်…
ခိုင်ခိုင်ကိုင်ထားသည်
ဟားရက်ကျူးမင်း (Harriet Tubman) သည် ၁၉ ရာစု အမေရိကန် သူရဲကောင်းများအနက် တစ်ဦးဖြစ်သည်။ အမေရိကန်ပြည်ထောင်စု မြောက်ပိုင်း လွတ်လပ်သောနယ်မြေသို့ သူမဝင်ရောက်နိုင်ခဲ့ပြီး ကျွန်ဘဝမှ လွတ်မြောက်ခဲ့သည့်နောက် အခြားသောဘဝတူကျွန်ချင်း အယောက် ၃၀၀ ကျော်အား လွတ်မြောက်ရေးလမ်းကို သတ္တိရှိရှိ ပြညွှန်ခဲ့သည်။ လွတ်လပ်မှုကို တစ်ဦးတည်းခံစားပျော်မွေ့၍ မကျေနပ်နိုင်ဘဲ ကျွန်ရှိသည့်ပြည်နယ်များသို့ ၁၉ ကြိမ် စွန့်စားသွားရောက်ကာ မိတ်ဆွေများ၊ မိသားစုများ၊ သူစိမ်းတစ်ရံစာ များကို ကနေဒါနိုင်ငံသို့ ကုန်းကြောင်းဖြင့် ခေါ်ထုတ်ခဲ့သည်။
မည်သည့်အရာက ဟားရက်အား ထိုသို့ရဲဝံ့စွန့်စားစေခဲ့သနည်း။ ယုံကြည်ခြင်း နက်နဲခိုင်မာသည့်အမျိုးသမီးဟားရက်က “ကျွန်မဘုရားသခင်ကို ပြောတယ်။ ကိုယ်တော်ကို ကျွန်မခိုင်ခိုင်ကိုင်စွဲမယ်။ ကိုယ်တော်က ကျွန်မကို ပို့ဆောင်ရမယ်” ဟု ဆိုသည်။ လူတို့ကို ကျွန်ဘဝမှကယ်ထုတ်ရင်း ဘုရား၏ ပို့ဆောင်လမ်းပြမှုအပေါ် သူအမှီပြုသည်။ ၎င်းသည် သူမ၏အောင်မြင်မှုအမှတ်သညာပင်ဖြစ်သည်။
ဘုရားသခင်ကို “ခိုင်ခိုင်ကိုင်စွဲခြင်း” ဟူသည်…
လမ်းအားလုံးက ဘုရားထံပို့ဆောင်လား
တစ်နေ့တွင်အလုပ်မှအိမ်ပြန်ခါနီး “အဝေးပြေးလမ်းမကြီးပေါ်က မသွားနဲ့” ဟု သမီးက ဖုန်းဖြင့် ကျွန်ုပ်ကိုစာပို့လာသည်။ လမ်းမကြီးမှာ ကားရပ်နားစခန်းပမာဖြစ်နေသည်။ အခြားလမ်းမှသွားရန် ကြိုးစားခဲ့သော်လည်း ကားကြပ်လွန်း၍ လက်လျော့လိုက်သည်။ အိမ်ပြန်ရောက်အောင် နေအတော်စောင်းသည်ထိ စောင့်ရမည့်ကိန်းရှိသည့်အတွက် ဆန့်ကျင်ဘက်အရပ်၊ ကျွန်ုပ်၏မြေးမလေး ဝင်ရောက်ယှဥ်ပြိုင်သည့် အားကစားပွဲဆီသို့ ကားမောင်းထွက်ခဲ့သည်။
အိမ်သို့ပြန်ရောက်နိုင်မည့် လမ်းတစ်လမ်းမှမရှိကြောင်း သိရခြင်းက မည်သည့်လမ်းမဆိုသည် ဘုရားသခင်နှင့်ထာဝရဆက်နွယ်မှုကို ပို့ဆောင်ပေးနိုင် သည်ဟု ပြောတတ်သည့်လူများအကြောင်းကို ကျွန်ုပ်စဉ်းစားမိသည်။ သနားကြင်နာခြင်းနှင့် ကောင်းသောအကျင့်နည်းလမ်းက ဘုရားထံပို့ဆောင် ပေးမည်ဟု လူအချို့တို့ ယုံကြည်ကြသည်။ အချို့ကလည်း ဘုရားတရား ကိုင်းရှိုင်းသည့် နည်းလမ်းကို ရွေးချယ်လုပ်ဆောင်ကြသည်။
ထိုနည်းလမ်းများကို အမှီပြုသော်လည်း ၎င်းသည် ဆုံးရှုံးခြင်းဆီသို့သာ ပို့ဆောင်သည်။ ဘုရားသခင်၏ထာဝရမျက်မှောက်တော်သို့ရောက်အောင် သွားနိုင်သည့်လမ်း တစ်လမ်းတည်းသာရှိသည်။ “ငါသည် လမ်းခရီးဖြစ်၏။ သမ္မာတရားလည်းဖြစ်၏။ အသက်လည်းဖြစ်၏။ ငါ့ကိုအမှီမပြုလျှင် အဘယ်သူမျှ ခမည်းတော်ထံသို့ မရောက်ရ” (ယော ၁၄:၆) ဟု…
ကလေးနာမည်ကို မည်သို့မှည့်ခေါ်မည်နည်း
မာရိသည် သူလွယ်ထားသောကိုယ်ဝန်မှ ကလေးမွေးဖွားမည့်အချိန်ကို စောင့်စားစဉ် “ယောသပ်၊ ကျွန်မတို့ကလေးရဲ့နာမည်ကို ဘယ်လိုမှည့်ကြမလဲ” ဟူသည့်အကြောင်းကို ယောသပ်နှင့် ပြောစရာမလိုခဲ့ပါ။ ကလေးမွေးမည့်အချိန်ကို စောင့်စားသည့်လူအများစုနှင့်မတူဘဲ သူတို့အတွက် ဤမေးခွန်း မရှိခဲ့ပါ။
မာရိနှင့်ယောသပ်တို့ထံ ရောက်လာခဲ့သော ကောင်းကင်တမန်က ကလေး၏အမည်ကို ယေရှုဟုမှည့်ရမည်ဟု သူတို့နှစ်ဦးကိုပြောခဲ့သည် (မ ၁:၂၀-၂၁၊ လု ၁:၃၀-၃၁)။ ယောသပ်ထံ ကိုယ်ထင်ပြသောကောင်းကင်တမန်က ထိုသူငယ်သည် မိမိလူတို့ကို အပြစ်မှကယ်ချွတ်မည်အကြောင်း ထိုနာမည်က ဖော်ညွှန်းသည်ဟု ရှင်းပြခဲ့သည်။
ထိုသူငယ်သည် ‘ငါတို့နှင့်အတူရှိတော်မူသောဘုရားသခင်’ ဟုအဓိပ္ပာယ် ရှိသည့် ‘ဧမာနွေလ’ဟု ခေါ်ဝေါ်ခြင်းကိုခံရမည် (ဟေရှာ ၇:၁၄)။ အဘယ်ကြောင့်ဆိုသော် သူသည် အနှီးဖြင့်ထုပ်ပိုးထားသော လူဇာတိခံသောဘုရား - လူသဏ္ဌာန် ဆောင်ထားသောဘုရားဖြစ်သည်။ ပရောဖက်ဟေရှာယက နောက်ထပ်အမည်နာမများအဖြစ် အံ့သြဖွယ်၊ တိုင်ပင်ဖက်၊ တန်ခိုးကြီးသော ဘုရားသခင်၊ ထာဝရအဘ၊ ငြိမ်သက်ခြင်းအရှင် (၉:၆) ဟု ဖော်ထုတ်ခဲ့သည်။ ထိုသူငယ်သည်…
မိမိ၏အခန်းကဏ္ဍကို လုပ်ဆောင်ခြင်း
ကျွန်တော်၏မြေးနှစ်ယောက်သည် Alice in Wonderland Jr. ဂီတပြဇာတ်အတွက်အရွေးခံရာ သူတို့စိတ်ထဲ၌ ခေါင်းဆောင်နေရာ ရလိုကြသည်။ မဂ္ဂီက အဲလစ်ငယ်ဘဝကိုရရှိလိုပြီး ကေတီက မထေးဒါလ်နေရာရလျှင်ကောင်းမည်ဟု တွေးထားသည်။ သို့သော် သူတို့သည် ပန်းလေးများအဖြစ် သရုပ်ဆောင်ရန် ရွေးချယ်ခံရသည်။ ဘရော့ဒ်ဝေးသို့သွားမည့် လက်မှတ်ရမည့်အခွင့် လုံးဝမဟုတ်ပေ။
သို့သော် ကျွန်တော့်သမီးက သူ့ကလေးများသည် “(ခေါင်းဆောင်နေရာ)ရသွားတဲ့ သူတို့သူငယ်ချင်းတွေအတွက် စိတ်လှုပ်ရှားနေကြတယ်” ဟု ပြောပြသည်။ သူငယ်ချင်းများကို အားပေးရခြင်းက သူတို့အတွက် ပို၍ပျော်ရွှင်စေပြီး သူတို့၏ စိတ်လှုပ်ရှားမှုကို မျှဝေကြသည်။
၎င်းသည် ခရစ်တော်၏ကိုယ်ခန္ဓာ၌ ကျွန်ုပ်တို့အချင်းချင်း အပြန်အလှန်အကျိုးပြုပုံ ပုံဥပမာပင်ဖြစ်သည်။ ဒေသန္တရအသင်းတော်တိုင်း၌ အဓိကကျသည်ဟု ယူဆထားသည့်အခန်းကဏ္ဍများရှိပါသည်။ သို့သော် ပန်းလေးများကဲ့သို့ အရေးပါသော်လည်း မထင်ရှားသည့်အလုပ်ကို လုပ်သူများကိုပါလိုအပ်သည်။ ဘုရားပေးတာဝန်ကို ကျွန်ုပ်တို့စိတ်ထက်သန်စွာ ကျေပွန်အောင်ထမ်းရွက်သကဲ့သို့ မိမိရယူလိုသောကဏ္ဍကို အခြားသူရသွားပါက ထိုသူတို့ကိုအားပေးရန် ရွေးချယ်ကြပါစို့။
စင်စစ် အခြားသူများကို မစခြင်း၊…
ဟောပြောမလား၊ ထွန်ယက်မလား
မိသားစုဒဏ္ဍာရီအရ ဘီလီနှင့်မာဗင်ညီအစ်ကိုနှစ်ဦးတို့သည် တစ်နေ့၌ မိသားစုပိုင် နို့စားနွားမွေးမြူရေးခြံ၌ ရပ်နေစဉ် စာတန်းထိုးလေယာဉ်တစ်စီး ပျံသန်းလာပြီး ကောင်းကင်၌ “GP” ဟု စာလုံးနှစ်လုံးကို ရေးထိုးသွားသည်ကို တွေ့လိုက်ရသည်။
သူတို့မြင်ခဲ့သည့်စာလုံးများ၌ သူတို့အတွက် အဓိပ္ပာယ်သီးသန့်ရှိသည်ဟု ညီအစ်ကိုနှစ်ဦးလုံး ဆုံးဖြတ်ခဲ့၏။ တစ်ဦးက “သွားပြီး ဟောပြော” (Go preach)ဟု အဓိပ္ပာယ်ဖွင့်ပြီး တစ်ဦးကမူ “သွားပြီးထွန်ယက်” (Go plow) ဟု အဓိပ္ပာယ် ကောက်ခဲ့သည်။ နောက်ပိုင်းတွင် ညီအစ်ကိုနှစ်ဦးအနက် ဘီလီ ဂရေဟမ်မှာ ဧဝံဂေလိတရားဟောပြောရန် သူ့ကိုယ်သူ ဆက်ကပ်ခဲ့ပြီး စံနမူနာယူရသည့် ဧဝံဂေလိဟောပြောသည့်ဆရာတော်ဖြစ်လာခဲ့သည်။ သူ့ညီမှာမူ မိသားစုပိုင် နို့စားနွား မွေးမြူရေးခြံကို နှစ်ပေါင်းများစွာ ဆက်လက်ပြီး သစ္စာရှိရှိ ဦးစီးလုပ်ဆောင်ခဲ့သည်။
ကောင်းကင်မှစာတန်းကို အသာထား၊ ဘုရားရှင်သည် ဘီလီကို ဟောပြောရန်ခေါ်ပြီး မာဗင်ကို ထွန်ယက်ရန် ရွေးခေါ်ခဲ့ပါလျှင် ဤအမှု၌ သူတို့ နှစ်ဦးစလုံးသည်…
ယခု၊ ထို့နောက်
မကြာမီက အထက်တန်းကျောင်းတစ်ကျောင်း၏ဘွဲ့ယူသည့်အခမ်းအနားသို့ ကျွန်ုပ်တက်ရောက်ခဲ့သည်။ ထိုပွဲတွင် စကားပြောခွင့်ရသူက ဒီပလိုမာဘွဲ့ယူမည့် မောင်မယ်တို့အတွက် လိုအပ်သည့်စိန်ခေါ်မှုတစ်ရပ်ကို ဖော်ပြခဲ့သည်။ “ဘဝတွင် ယခုအချိန်သည် လူတိုင်းက သူတို့အား ‘နောက်ပြီး ဘာလုပ်မှာလဲ’ ဟု မေးကြသည်။ မည်သည့်အသက်မွေးဝမ်းကျောင်းလုပ်ကိုင်မည်နည်း။ မည်သည့်ကျောင်း ဆက်တက်မည်နည်း။ မည်သည့်အလုပ်လုပ်ကိုင်မည်နည်း။ ပို၍အရေးကြီးသည်မှာ ယခုဘာလုပ်နေသနည်း ဟူသည့်မေးခွန်းဖြစ်သည်” ဟု သူက ဆိုသည်။
ယံုကြည်ခြင်းခရီးတွင် မိမိအတွက် မဟုတ်ဘဲ ခရစ်တော်အတွက် အသက်ရှင်ရန် လမ်းပြမည့် မည်သည့်ဆံုးဖြတ်ချက်ကို သူတို့နေ့စဉ်ချမှတ်ကြမည်နည်း။
သူ့စကားက လတ်တလောတွင် မည်သို့ ဘဝရှင်သန်ရမည်ကို ဖော်ပြသည့် သုတ္တံကျမ်းကိုသတိရစေသည်။ ဉပမာ-ယခု ရိုးသားမှန်ကန်စွာကျင့်ကြံခြင်း (၁၁:၁)၊ ယခု မှန်သောမိတ်ဆွေကို ရွေးချယ်ခြင်း (၁၂:၂၆)၊ ယခုသမာသမတ်ကျကျ ရှင်သန်ခြင်း (၁၃:၆)၊ ယခုမှန်ကန် ကောင်းမွန်စွာ ဆုံးဖြတ်စီရင်ခြင်း (၁၃:၁၅)၊ ယခုစကားကို ပညာအမြော်အမြင်နှင့် ပြောဆိုခြင်း (၁၄:၃)တို့ဖြစ်သည်။
သန့်ရှင်းသောဝိညာဉ်တော်၏လမ်းပြမှုဖြင့်…
မိမိကိုယ်ကို စစ်ဆေးခြင်း
ဒုတိယကမ္ဘာစစ်အတွင်း ကျွန်ုပ်အဖေက အမေ့ထံပို့သည့်စာများကို မကြာမီက ကျွန်ုပ် ပြန်ဖတ်ဖြစ်သည်။ အဖေက အာဖရိကမြောက်ပိုင်းတွင်ရောက်နေပြီး အမေက အနောက်ဗာဂျီးနီးယား၌ ရှိနေသည်။ အဖေက အမေရိကန်စစ်တပ်၌ ဒုဗိုလ်ဖြစ်ပြီး သူ့တာဝန်မှာ ရန်သူများအမြင်၌ သင်္ကာမကင်းဖြစ်သွားမည့် အချက်အလက်များကို ထိန်းသိမ်းလျက် စစ်သားများ၏စာကို စစ်ကြောရန် ဖြစ်သည်။ ထို့ကြောင့် သူ့ဇနီးထံသို့ ရေးသားသောစာတွင် “ဒုဗိုလ်ဘရန်နန်မှ စစ်ဆေးပြီး” ဟု တံဆိပ်တုံးထုထားသည်ကို တွေ့ရသဖြင့် ရယ်စရာဟာသ ဖြစ်ခဲ့သည်။ သူ့စာမှ စာကြောင်းအချို့ကို သူပယ်ခဲ့ရသည်။
မိမိကိုယ်ကို စစ်ကြောခြင်းသည် ကျွန်ုပ်တို့အားလုံးအတွက် ကောင်းသော အကြံ ဖြစ်သည်။ မိမိအသက်တာ၌ မမှန်ကန်သော၊ ဘုရားဘုန်းမထင်ရှားသော အရာရှိမရှိ သေချာစွာ ကြည့်ရှုစစ်ဆေးရန် အရေးကြီးကြောင်း သမ္မာကျမ်းစာ၌ ကျမ်းရေးသူများ၏ ဖော်ပြချက်များစွာ ရှိသည်။ ဉပမာ - ဆာလံဆရာက “အိုဘုရားသခင်၊ အကျွန်ုပ်ကို စစ်ကြော၍ အကျွန်ုပ်၏နှလုံးကို သိမှတ်တော်…
အစွမ်းသတ္တိများမရှိတော့သောအခါ
နှစ်သက်ချစ်စဖွယ် သမီးလေးမဲလီဇာကို ကျွန်တော်တို့ ပြန်မရနိုင်တော့ပါ။ အထက်တန်းကျောင်းသူဘဝ ဝမ်းမြောက်စွာ ဘော်လီဘောကစားနေသည်ကို ကြည့်ခဲ့ရသည့် သာယာကြည်နူးဖွယ်အချိန်များသည် တဖြည်းဖြည်းနှင့်ကွယ်ပျောက် လေပြီ။ မိသားစုလိုက် လုပ်ငန်းဆောင်တာများလုပ်ဆောင်စဥ် ကျေနပ်နေသော ရှက်ပြုံး ပြုံးနေသည့်သူ့မျက်နှာပေါ်မှအပြုံးလေးကို သတိရစဥ် မပျော်နိုင်တော့ပါ။ သူ့အသက်၁၇နှစ်တွင် ကွယ်လွန်သွားသောခါ သူရှိနေခြင်းကြောင့် ပျော်ရွှင်ရမှုများ ပြည်ဖုံးကားချပြီးဆုံးသွားပါတော့သည်။
ယေရမိမြည်တမ်းစကားတွင် ပရောဖက်ကြီးရေးထားသောစကားက နှလုံး ကြေကွဲတတ်ခြင်းသဘောကို သူနားလည်ကြောင်းဖော်ပြနေသည်။ "ငါသည် ထာဝရဘုရားရှေ့တော်၌ အစွမ်းသတ္တိနှင့်မျှော်လင့်စရာအကြောင်း ပျက်လေပြီ" ဟု သူဆိုသည်(၃:၁၈)။ သူကြုံရသည့်အခြေအနေသည် သင်နှင့်ကျွန်ုပ်၏ အခြေ အနေထက် အဆဆကွာခြားသည်။ သူသည် ဘုရားရှင်တရားစီရင်မည့် အကြောင်း ကိုဟောပြောပြီး ယေရုရှလင်မြို့ ဖမ်းသွားသိမ်းဆည်းခံရခြင်းကို မြင်ခဲ့ရသူဖြစ်သည်။ ရှုံးနိမ့်ခြင်းကြောင့်(:၁၂)၊ အထီးကျန်ခြင်းကြောင့်(:၁၄)၊ ဘုရားရှင်၏စွန့်ပစ်ခြင်း ခံရ ခြင်းကြောင့်(:၁၅-၂၀) အစွမ်းသတ္တိနှင့် မျှော်လင့်စရာအကြောင်းမရှိတော့ပေ။
သို့သော် ၎င်းသည် အဆုံးသတ်မဟုတ်ပါ။ ဝန်လေး၍ကြေကွဲနေသော ယေရမိက မျှော်လင့်စရာအလင်းတန်းရှိသေးကြောင်း မြည်တမ်းခဲ့သည်(:၂၁)။…